| CARVIEW |
Save Burma
ပြည်သူတွေဆီမှာ လွတ်လပ်မှုနဲ့ တန်းတူညီမျှမှု အရင်ဆုံး ရှိနေမှ ဒီမိုကရေစီ စံနှုန်းရှိတာ ဖြစ်ပါတယ်။
ပြန်လည်သတိရလာသော စာချွန်တော် အမိန့်များ
မြန်မာနိုင်ငံတွင် ၁၉၆၂ ခုနှစ်၌ ဗိုလ်ချုပ်ကြီးနေ၀င်း ဦးဆောင်သော တော်လှန်ရေးကောင်စီက စစ်အာဏာ သိမ်းလိုက်သည့် အချိန်မှစ၍ ယနေ့လက်ရှိ နအဖစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အုပ်စိုးနေသည့် အချိန်ထိ စစ်အာဏာရှင်စနစ်ကို တောက်လျှောက် ကျင့်သုံးနေခဲ့သည်။ လူတဦး-တဖွဲ့-တပါတီ ကောင်းစားရေးအတွက် ယင်းစနစ်၏ ဆိုးကျိုးပေါင်းများစွာကို မြန်မာပြည်သူ တရပ်လုံးက လွန်လွန်ကဲကဲ ခံစားနေရသည်။ ဆိုးကျိုးများအနက် နိုင်ငံ၏ တရားရေး မဏ္ဍိုင် ပျက်စီးနေပုံများ အကြောင်းကလည်း အဓိက အခန်းမှ ပါဝင်နေသည်ကို သတိရှိကြစေရန်နှင့် ပြုပြင်သင့်သည်များကို ပြုပြင်နိုင်ကြစေရန် အထူးလိုအပ်နေပါသည်။ မောင်သိန်းညွန့် (ကော့ကရိတ်) ရေးသားသည့် RFA (Burmese)၏ အသံလွှင့် ဆောင်းပါးကို စာသားအနေဖြင့် ဖော်ပြလိုက်ပါသည်။
ပြန်လည်သတိရလာသော စာချွန်တော် အမိန့်များ
RFA ပြင်ပ ဆောင်းပါးရှင် မောင်သိန်းညွန့် (ကော့ကရိတ်)ရဲ့ မြန်မာနိုင်ငံ တရားဥပဒေနဲ့ လက်တွေ့ ပြဿနာများ (တရားဥပဒေ အကြောင်း သိကောင်းစရာ အခန်းဆက်ဆောင်းပါး)မှာ ဥပဒေမဲ့ ဖမ်းဆီးခံရမှုတွေ၊ တရားရုံးထုတ် အမှုမစစ်ဆေးပဲ ကာလရှည်ကြာ ထိန်းသိမ်းဖမ်းဆီးထားမှုတွေ၊ မရေရာတဲ့ စွဲချက်တွေနဲ့ ထောင်ဒဏ် ချမှတ်မှုတွေ စတာတွေနဲ့ ပတ်သက်လို့ ရေးသား ဖော်ပြထားပါတယ်။ (၈-၁-၂၀၀၈ RFA အသံလွှင့်ဆောင်းပါး)
တရားမဲ့ ဖမ်းဆီးခံရတဲ့ မှုခင်းကိစ္စတွေကို ကျနော့် ရှေ့နေသက်တမ်း အတွင်းမှာ ကိုင်တွယ်ခဲ့ရဖူးပါတယ်။ ဒီအမှုကိစ္စတွေကို သက်ဆိုင်ရာတရားရုံးထံ မတင်ပြမချင်း ဖမ်းဆီးခံရသူတွေအတွက် ဥပဒေကြောင်းအရ ဘာမှ ဆောင်ရွက်နိုင်ခွင့် မရှိပါဘူး။ သိပ်မောခဲ့ရတဲ့ ဘ၀မှုခင်း ဖြစ်ရပ်တွေလို့ ဆိုရပါလိမ့်မယ်။ အထူးသဖြင့် ယုံကြည်ချက်ကြောင့် ဖမ်းဆီးခံရတဲ့ နိုင်ငံရေးသမားတွေ၊ ကျောင်းသားတွေရဲ့ အမှုတွေ ဖြစ်ပါတယ်။
အဖမ်းခံရသူတွေဟာ ဘယ်လိုပြစ်မှုတွေနဲ့ ဖမ်းဆီး ချုပ်နှောင်ခံကြရတာလဲ၊ ဘယ်ဒေသ ဘယ်နေရာတွေမှာ ဖမ်းဆီး ချုပ်နှောင်ခံထားကြရတာလည်း ဆိုတာကို သူတို့ရဲ့ သက်ဆိုင်ရာ မိဘတွေ၊ သူတို့ရဲ့ ရဲဘော် မိတ်ဆွေတွေက အလွန်အမင်း သိချင်ကြပါတယ်။
ဒီအချိန်မှာ ကျနော်တို့ ဥပဒေပညာ သင်ကြားတုန်းက လေ့လာမှတ်သားခဲ့ရတဲ့ စာချွန်တော် အမိန့်တွေကို ပြန်လည် သတိရမိပါတယ်။ ဒီ စာချွန်တော် အမိန့်တွေဟာ အခုတော့ ဥပဒေ သမိုင်းပြတိုက်ထဲ ရောက်သွားခဲ့ပါပြီ။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ် ရုပ်သိမ်းခံရချိန်နဲ့ တဆက်တည်းမှာပဲ ဒီစာချွန်တော် အမိန့်တွေ ရုပ်သိမ်းခံလိုက်ရတာပါ။ ဒီအချက်ကို အမှန်တရားဘက်က မရပ်တည်ရဲတဲ့ ဥပဒေ ပညာရှင်တချို့က အခုလို အကြောင်းပြကြပါတယ်။
တရားလွှတ်တော်ချုပ်သို့ စာချွန်တော်အမိန့်များ လျှောက်ထား၍ မိမိ၏ အခွင့်အရေး နစ်နာဆုံးရှုံးမှုအတွက် ကြိုးပမ်းရာမှာ လုပ်ထုံးလုပ်နည်း အဆင့်ဆင့် များလှ၍ အခက်အခဲများ ရှိခြင်း၊ ငွေကုန်ကြေးကျ များခြင်း၊ အချိန်ကြန့်ကြာခြင်း၊ ရှေ့နေရှေ့ရပ်များကသာ ဆောင်ရွက်ပေးနိုင်ခြင်း စသဖြင့် သာမန် လူတန်းစားများအတွက် မလွယ်ကူသောကိစ္စများ ဖြစ်သည့်အလျောက် မိမိ အခွင့်အရေး နစ်နာဆုံးရှုံးသူတိုင်း မဆောင်ရွက်နိုင်ချေ ဆိုပြီး အကြောင်းပြခဲ့ကြတာပါ။
ပြောမယ်ဆိုရင် စာချွန်တော်အမိန့်တွေ ရုပ်သိမ်းခံရတာဟာ ဒီမိုကရေစီကို အခြေခံတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ နိုင်ငံသားတွေ အနေနဲ့ အကာအကွယ် ရယူနိုင်တဲ့ အခွင့်အရေးတွေ ဖျက်သိမ်း ခံလိုက်ရတာ ပါပဲ။ အဲဒီ အကျိုးဆက်ကတော့ အပြစ်ကင်းမဲ့သူတွေဟာ စွဲချက်မရှိပဲ အဖမ်းခံခဲ့ကြရ၊ ရှေ့နေငှားရမ်းခွင့် မရပဲ အပြစ်ပေးခံခဲ့ကြရ၊ အမှုစစ်ဆေးခြင်း မရှိပဲ ကာလရှည်ကြာ အချုပ်အနှောင်ခံကြရတာပါပဲ။ ဒီလို တုန်လှုပ် ချောက်ခြားစရာကောင်းတဲ့ ဖြစ်ရပ်တွေအတွက် တရားဥပဒေ အကာအကွယ် မုချ လိုအပ်ပါတယ်။
မြန်မာနိုင်ငံက ပါဝင် အတည်ပြု လက်မှတ်ရေးထိုးခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ်(၈)မှာလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ အခြား ဥပဒေတွေက ပေးအပ်ထားတဲ့ အခြေခံ အခွင့်အရေးတွေ ချိုးဖောက် ဖျက်ဆီးခံရမယ်ဆိုရင် နစ်နာဆုံးရှုံးသူတွေ အနေနဲ့ တရားရုံးမှာ ထိရောက်စွာ သက်သာခွင့် ရနိုင်စေရမည် လို့ ဆိုထားပါတယ်။
တရားဥပဒေ စိုးမိုးမှုရှိတဲ့ ဒီမိုကရေစီနိုင်ငံတွေမှာတော့ အဆင့်အမြင့်ဆုံးဖြစ်တဲ့ နိုင်ငံတော် တရားရုံးချုပ်မှာ
- ရှေ့တော်သွင်း စာချွန်တော်အမိန့်၊
- အာဏာပေး စာချွန်တော်အမိန့်၊
- တားမြစ်စေ စာချွန်တော်အမိန့်၊
- အာဏာပိုင်မေး စာချွန်တော်အမိန့်၊
- အမှုခေါ် စာချွန်တော်အမိန့်တွေကို ထုတ်ပိုင်ခွင့်အာဏာ ရှိပါတယ်။
စီရင်ထုံးတွေကို လေ့လာကြည့်မယ်ဆိုရင် လူတဦးတယောက် ဒါမှမဟုတ် လူတစု-တဖွဲ့ကို တရားမဲ့ ဖမ်းဆီး ချုပ်နှောင်တဲ့အခါမှာ စာချွန်တော်အမိန့်ဟာ နိုင်ငံသားတွေအတွက် ဥပဒေ လက်နက်တွေ ဖြစ်နေတာ တွေ့ရမှာဖြစ်ပါတယ်။ စာချွန်တော်အမိန့်ဟာ အကြောင်းမရှိပဲ တရားမဲ့ ဖမ်းဆီး ချုပ်နှောင်မှုမျိုးတွေကို တားဆီးဟန့်တားပြီး ဥပဒေအရ ရုံးတင်စစ်ဆေးဖို့ ဖြစ်ပါတယ်။ ဒါ့အပြင် ရုံးတင် စစ်ဆေးခြင်းမပြုပဲ ချုပ်နှောင်ထားခံရသူတွေ၊ ဥပဒေလက်လွှတ် ဖမ်းဆီး ချုပ်နှောင် ခံထားရသူတွေကို ရုံးတော်သို့သွင်းပြီး ဖမ်းဆီးသူ အာဏာပိုင်တွေက ဥပဒေအရ ထုချေ ရှင်းလင်းရပါတယ်။ ရုံးတော်က ကျေနပ်လောက်အောင် ထုချေ ရှင်းလင်းခြင်း မပြုနိုင်ဘူး ဆိုရင် အာဏာပိုင်တွေအနေနဲ့ ဖမ်းဆီးခံထားရသူတွေကို ပြန်လွှတ်ပေးဖို့ တရားရုံးချုပ်က အမိန့် ထုတ်ဆင့်နိုင်ပါတယ်။
ရှေ့တော်သွင်း စာချွန်တော်အမိန့်နဲ့ ပတ်သက်လို့ ၁၉၅၀ ပြည့်နှစ် မြန်မာနိုင်ငံ တရားစီရင်ထုံးမှာ ဖော်ပြထားတာကို တင်ပြလိုပါတယ်။
ရထားတစီးပေါ်မှာ ပစ္စတိုတလက်နဲ့ ကျည်ဆန်တချို့ကို လူပုဂ္ဂိုလ် (၅)ဦးထံက မိတဲ့ ကိစ္စမျိုးမှာတောင် အပြစ်မပေးနိုင်ခဲ့ပါဘူး။ ပြည်သူ့ငြိမ်ဝပ်ပိပြားမှု ထိန်းသိမ်း စောင့်ရှောက်ရေးဥပဒေ ပုဒ်မ ၅(က)နဲ့ ဖမ်းဆီး ချုပ်နှောင်ရာမှာ မရေရာ မသေချာတဲ့ စွဲချက်တွေကို အခြေခံရန် မသင့်ကြောင်း အခြေခံဥပဒေအရ ခွင့်ပြုထားတဲ့ နိုင်ငံသားတို့ရဲ့ လွတ်လပ်ခွင့်ကို ပေါ့ပေါ့တန်တန် သဘောထားပြီး ချိုးဖောက်ခြင်း မပြုအပ်ကြောင်း ဖော်ပြထားပါတယ်။
ဒါ့အပြင် တရားစွဲဆိုခံရတဲ့ ပုဂ္ဂိုလ်ဟာ နောက်လိုက်နောက်ပါတွေ ၀ိုင်းရံပြီး သူ့ရဲ့ခေါင်းဆောင်မှုနဲ့ လက်နက်ကိုင် ပုန်ကန်ထကြွမှု ကျယ်ပြန့်သွားနိုင်ကြောင်း ရန်ကုန် ရဲမင်းကြီးရဲ့ အကြောင်းပြချက်ဟာ ဖြစ်နိုင်စရာရှိမှုမျှ အပေါ်မှာသာ အခြေခံထားခြင်းသာဖြစ်လို့ ဒီအမှုမှာ ငြိမ်ဝပ်ပိပြားမှု ထိန်းသိမ်းစောင့်ရှောက်ရေး အက်ဥပဒေ ၅(က)က ခွင့်ပြုထားတဲ့ အာဏာကို အသုံးပြုခွင့် မရှိကြောင်း တရားရုံးချုပ်က ဆုံးဖြတ်ပြီး နိုင်ငံသားတွေရဲ့ မူလအခွင့်အရေးတွေကို အကာအကွယ် ပေးခဲ့ပါတယ်။
ဒီတော့ ပြစ်မှု မကျူးလွန်ရသေးသော်လည်း ပြစ်မှု ကျူးလွန်နိုင်စရာရှိတယ် ဆိုတဲ့ ထင်မြင်ချက်တွေနဲ့ ဖမ်းဆီး ချုပ်နှောင်နေတဲ့ ခေတ်ကာလမျိုးမှာတော့ စာချွန်တော်အမိန့်တွေဟာ နိုင်ငံသားတွေအတွက် ဥပဒေအရ အားကိုးစရာ ပါပဲ။
ဒီမိုကရေစီကျင့်စဉ်ကို လိုက်နာကျင့်သုံးခဲ့တဲ့ ၁၉၄၈ ခုနှစ်ကနေ ၁၉၆၂ ခုနှစ် ကာလမှာ ချမှတ်ခဲ့တဲ့ တရားလွှတ်တော်ချုပ်ရဲ့ ရှေ့တော်သွင်း စာချွန်တော်တွေဟာ အင်မတန် မှတ်သားဖို့ ကောင်းပါတယ်။ ကျန် စာချွန်တော်တွေရဲ့ ဥပဒေဆိုင်ရာ ဖွင့်ဆိုချက်နဲ့ စီရင်ထုံးတွေကိုလည်း နောင်မှာ အလျဉ်းသင့်သလို ကိုးကား ဖော်ပြသွားပါမယ်။
တကယ်တော့ တရားမျှတမှု ကင်းမဲ့တဲ့ ဘ၀တွေကို ဖြတ်သန်းရချိန်မျိုး၊ လူ့အခြေခံ အခွင့်အရေးတွေ ရုပ်သိမ်းခံရတဲ့ ဘ၀တွေကို ရင်ဆိုင်လာရချိန် မျိုးတွေမှာတော့ ဘယ်လူသားမဆို အမှောင်ထုထဲမှာ ဥပဒေ အလင်းရောင်ကို ရှာဖွေကြတာ ဓမ္မတာပါပဲ။
ကျနော်တို့ ရှေ့နေသက်တမ်းအတွင်းမှာ မရခဲ့တဲ့ ပျောက်ဆုံးသွားတဲ့ စာချွန်တော် အမိန့်တွေ၊ ဆိုင်ရာ ဥပဒေပြဌာန်းချက်တွေဟာ ဒီမိုကရေစီစနစ် ဖြစ်ပေါ်တိုးတက်မှုနဲ့အတူ ပြန်လည် အသက်ဝင်လာပါလိမ့်မယ်။
ဒီနေရာမှာ တခု သတိချပ်ရမှာကတော့ စစ်မှန်တဲ့ ဒီမိုကရေစီ ရလာတဲ့အခါမှာ စာချွန်တော်က ပေးထားတဲ့ ဥပဒေ အခွင့်အရေးတွေကို နိုင်ငံသားတွေ အမှန်တကယ် ရလိမ့်မယ် ဆိုတဲ့အချက်ပါပဲ။
တရားဥပဒေရဲ့ အကာအကွယ်ကို မြန်မာနိုင်ငံသားအားလုံး ခံစားနိုင်ကြပါစေ။
မောင်သိန်းညွန့် (ကော့ကရိတ်)
—————–
Written by Lwin Aung Soe
December 17, 2009 at 12:55 am
Recent Posts
- မြန်မာ့နိုင်ငံရေး တနေ့တခြား သိမ်မွေ့နက်ရှိုင်းလာနေ
- ရပ်/ကျေး ရွေးချယ်တင်မြှောက်ရေး ဥပဒေ မရှိသင့်
- ကျုံးကို ဖောက်ထွက်နိုင်မယ့် ဆင်
- ခေတ်သစ်မြန်မာကို တည်ဆောက်ကြသည့်အခါ
- အစိုးရဆိုတာ လွှတ်တော်ကို အခြေခံထားရတာဖြစ်လို့ ဘာလုပ်လုပ် ဖွဲ့စည်းပုံအခြေခံဥပဒေအရပဲ လုပ်ပါ။
- ကမ္ဘာ့လူရမ်းကားကြီး တရုတ်ရဲ့ ၂၁ ရာစု ကျုးကျော်နယ်ချဲ့ရေး မဟာဗျူဟာမှာ ပထမ ပစ်မှတ်က မြန်မာပြည်
- မတရားသော တည်ဆဲဥပဒေများကို ဆက်လက်ကျင့်သုံးနေခြင်းသည် ဒီမိုကရေစီ၏ အနုတ်လက္ခဏာ
- ဒီမိုကရေစီနိုင်ငံတွင် လူထုဆန္ဒပြခြင်းသည် မဆန်းပါ။
- ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်ကြောင်းတစ်လျှောက် ထိန်းသိမ်းရေးလုပ်ငန်းများအား ပြည်ထောင်စုအစိုးရမှ ၀န်ကြီးဌာနလေးခုနှင့် ပြည်သူ့လွှတ်တော်မှ ကော်မတီလေးရပ်တို့ ပူးပေါင်းဆောင်ရွက်ကြရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း တိုက်တွန်းပြောကြား
- မည်သည့် ကန့်ကွက်မှုများ ရှိသည်ဖြစ်စေ၊ ဧရာဝတီမြစ်ဆုံ စီမံကိန်းကို ဆက်လုပ်မည်ဖြစ်ကြောင်း၊ ဘယ်တော့မှ နောက်ဆုတ်မည် မဟုတ်ကြောင်း အမှတ်(၁) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဇော်မင်းပြောကြား
- ဒီမိုကရေစီ ရပိုင်ခွင့်များ မရှိဘဲ ဒီမိုကရေစီကို စတင် မကျင့်သုံးနိုင်ပါ
- ဥပဒေဘက်တော်သား ရဲများကိုယ်တိုင် ဥပဒေကို ကျောခိုင်းလာသောအခါ
- ဒီမိုကရေစီတွင် အရပ်သားအစိုးရက စစ်တပ်ကို အပြည့်အဝ ထိန်းချုပ်နိုင်ရန် လိုအပ်ခြင်း
- အသွင်ကူးပြောင်းရေးကာလသို့ ဦးတည်ပြီ
- တိုင်းပြည်တည်ငြိမ်အေးချမ်းရေးအတွက် မျှော်လင့်စရာ ပထမခြေလှမ်း
- ဒေါင်းလုပ် ရယူနိုင်သော စာအုပ်များ E-Books (မြန်မာ)
- ဒေါင်းအိုးဝေ ၂၀၀၈ ပြက္ခဒိန်
- သိုဟန်ဘွားလိုမင်းနှင့် မင်းကြီးရန်နောင်လိုလူ
Special Page
- Pinheiro’s Report
- အကြမ်းမဖက် လှုပ်ရှားမှု (စာအုပ်)
- ပီညဲရိုး အစီရင်ခံစာ (မြန်မာဘာသာပြန်)
- Saffron Revolution Video
- နှစ်သက်ရာ အခြားဆောင်းပါးများ
- သိုဟန်ဘွားလိုမင်းနှင့် မင်းကြီးရန်နောင်လိုလူ
- ပြတ်ပြတ်သားသား ကန့်ကွက်ကြပါစို့
- အမျိုးသားညီလာခံနှင့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ရေးဆွဲရာတွင် အခြေခံရမည့် မူများကို လေ့လာခြင်း
- သံဃာတော်များနှင့် နိုင်ငံရေး (ဆောင်းပါး)
- မသိလို့မှားတာပါ ဆိုတိုင်း …
- ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရားမျှတမှု တိုက်ပွဲ
- ပြည်သူလူထုနှင့် တပ်မတော်သား အားလုံးအတွက် အလွန်လိုအပ်နေတဲ့ ဒီမိုကရေစီ –
- နှစ် ၂ဝ ထောင်ထွက်ခါစ ဦးဝင်းတင် အင်တာဗျူးများ
- ထောင်ချသော်လည်း ကြောက်ရွံ့နောက်တွန့်မည် မဟုတ် (အင်တာဗျူး)
- အမေကွိုင့်ဘုရား ဗိုလ်ချုပ်ကြီးများကောင်းမှု
- မြန်မာနဲ့အင်ဒိုနီးရှား နှိုင်းယှဉ်ချက်
- Burma’s online videos
- Posts
- Home
- Title Pages
- 2008 May (title page)
- 2008 June (title page)
- 2008 July (title page)
- 2009 January (title page)
- 2009 February (title page)
- 2008 August (title page)
- 2008 September (title page)
- 2008 October (title page)
- 2008 November (title page)
- 2008 December (title page)
- 2009 March (title page)
- 2009 April (title page)
- 2009 May (title page)
- 2009 June (title page)
- 2009 July (title page)
- 2009 August (title page)
- 2009 September (title page)
- 2009 October (title page)
- စုစည်းသတင်းများ
- အင်တာနက်ပေါ်မှ မြန်မာစာအုပ်များ
- Lessons in Democracy (by Roland Watson)
- U.S. 2008 Human Rights Report on Burma
- ဒုတိယ “ပင်လုံစာချုပ်” လိုအပ်နေပြီ
- Podcast (အသံနားထောင်ရန်) တက်ကြွလှုပ်ရှားသူ
- ဒီမိုကရေစီအကြောင်း မြန်မာလို ဖတ်နိုင်ပြီ
- ဒေါင်းလုပ် ရယူနိုင်သော စာအုပ်များ E-Books (မြန်မာ)
- ပြန်လည်သတိရလာသော စာချွန်တော် အမိန့်များ

| S | M | T | W | T | F | S |
|---|---|---|---|---|---|---|
| 1 | 2 | 3 | ||||
| 4 | 5 | 6 | 7 | 8 | 9 | 10 |
| 11 | 12 | 13 | 14 | 15 | 16 | 17 |
| 18 | 19 | 20 | 21 | 22 | 23 | 24 |
| 25 | 26 | 27 | 28 | 29 | 30 | 31 |
Archives
- November 2011
- October 2011
- September 2011
- August 2011
- June 2011
- May 2011
- November 2010
- October 2010
- September 2010
- August 2010
- July 2010
- June 2010
- May 2010
- April 2010
- March 2010
- February 2010
- January 2010
- December 2009
- November 2009
- October 2009
- September 2009
- August 2009
- July 2009
- June 2009
- May 2009
- April 2009
- March 2009
- February 2009
- January 2009
- September 2008
- August 2008
- June 2008
- May 2008
- April 2008
- March 2008
- February 2008
- January 2008
- December 2007
- November 2007
- September 2007
- August 2007
ဗီအိုအေ (မြန်မာ)
- An error has occurred; the feed is probably down. Try again later.
သျှမ်း သံတော်ဆင့်
- An error has occurred; the feed is probably down. Try again later.
Google Latest News on Burma
- Museum hosts Burmese history, culture celebration event in Battle Creek - wwmt.com
- Termination of protections for Myanmar refugees delayed by U.S. federal judge - AsAmNews
- How Myanmar’s election entrenches military rule - jpost.com
- With TPS deadline approaching, immigrants from Myanmar turn to courts and Congress as last hope - prismreports.org
- Federal Judge Extends Deportation Protections for Burmese Migrants - The New York Times
- US judge extends deportation protections for migrants from Myanmar - Reuters
- Catholic Charities calms Burma immigration rollback concern - wane.com
- Critics call Myanmar’s first elections since military coup a sham as civil war rages on - PBS
- US judge extends deportation protections for migrants from Myanmar - wtvbam.com
- What to Know About Myanmar’s ‘So-Called Election’ - Time Magazine
Burma Digest Info
- Thứ Tự Bài Poker – Xếp Hạng, Hệ Thống Phân Cấp Poker
- Cách Chơi Blackjack: Hướng Dẫn Từ A – Z Cho Tân Thủ
- Bí Quyết Chơi Bầu Cua Tôm Cá Nhatvip Tăng Cơ Hội Chiến Thắng
- Football Star Deluxe – Trải Nghiệm Game Slot Bóng Đá Siêu Đình Đám
- Top 3+ Cách Đoán Bài Đối Thủ Trong Tiến Lên Hiệu Quả Cao
- Tài Xỉu Vanga – Phương Pháp Dự Đoán “Tâm Linh” Có Thực Sự Hiệu Quả?
- Tài Xỉu 88 – Luật Chơi Và Bí Kíp Để Chiến Thắng
- Tiến Lên Miền Nam 88 – Nắm Rõ Mẹo Chơi Chắc Thắng
- Tiến Lên Miền Nam Là Gì? Cẩm Nang Kiến Thức Từ A – Z Cần Nhớ
- E Sport Nhatvip – Thiên Đường Thể Thao Điện Tử Hấp Dẫn Nhất
Free Burma Rangers
- An error has occurred; the feed is probably down. Try again later.
Mizzima (English)
- An error has occurred; the feed is probably down. Try again later.
အလိမ္မာ စာမှာရှိ (မာယာ Online magazine)
- သူရဲကောင်း - မောင်စိန်ဝင်း(ပုတီးကုန်း)
- ထင်းခုတ်စားကြတယ်
- ကျွန်မ၏ မောင်ငယ် မောင်အေးဝင်း ရေးသူ - မမြင့်ခိုင်
- မွေးနေ့မှာပျော်ရွှင်ပါစေ ကိုအေးဝင်းရေ.. နုနုရည် အင်းဝ။
- ညီငယ် မောင်ကိုကို (အကိုခေါ်တဲ့ငယ်နာမည်ပါ)
- ရဲဘော်ဖိုးသံချောင်း
- Untitled
- ရွှေပြည်တော် မျော်တိုင်းမဝေးစေဖို့ - မော်မင်းသန်း
- Untitled
- ကျနော့်ရဲ့ ဖိုးသောကြာများ - ဌေးဝင်း (ဂျာမဏီ)
ဧရာဝတီ (မြန်မာဆောင်းပါး)
- An error has occurred; the feed is probably down. Try again later.
မဇ္ဈိမ (မြန်မာ)
- An error has occurred; the feed is probably down. Try again later.
လူထုအသံ
RFA (မြန်မာ) နားထောင်ရန်
- An error has occurred; the feed is probably down. Try again later.
နားထောင်ရန် Burma Democratic Concern’s podcast
- An error has occurred; the feed is probably down. Try again later.
နားထောင်ကြစို့
- An error has occurred; the feed is probably down. Try again later.
CNN world news
- Markets digest bank earnings after recent turmoil
- Still haven't filed your taxes? Here's what you need to know
- Retail spending fell in March as consumers pull back
- Analysis: Fox News is about to enter the true No Spin Zone
- Silicon Valley Bank collapse renews calls to address disparities impacting entrepreneurs of color
- Not only is Lake Powell's water level plummeting because of drought, its total capacity is shrinking, too
- These were the best and worst places for air quality in 2021, new report shows
- Big-box stores could help slash emissions and save millions by putting solar panels on roofs. Why aren't more of them doing it?
- Look of the Week: Blackpink headline Coachella in Korean hanboks
- Scientists identify secret ingredient in Leonardo da Vinci paintings
Newsweek politics
- An error has occurred; the feed is probably down. Try again later.
Meta
-
Subscribe
Subscribed
Already have a WordPress.com account? Log in now.
Leave a comment